June 26, 2008

Read More...

Read More...




Read More...

June 21, 2008

မရယ်ချင်လည်း ပြုံးပေးပါ...

အပိုင်းအစ(၁)

A: အစာကြေဖို့အတွက် ကျွန်တော် ဘီယာသောက်တယ်….

သွေးခုန်နှုန်း သိပ်ပြီး နိမ့်နေရင် ဝိုင်အရက်အနီကို သောက်တယ်….

တုတ်ကွေးဖြစ်ရင်တော့ ကော့ညက်အရက် သို့မဟုတ် ရမ်ကို သောက်တယ်….

အဲ…. လည်ချောင်းနာရင် မီးတောက် အရက်ကို သောက်ချလိုက်တယ်….

(ရည်းစားကို လွမ်းနာကျလာရင်တော့ ဗော့ကာသောက်တယ်….)

B: ဒါဆို ခင်ဗျား ဘယ်အချိန်မှာ ရေသောက်သလဲ….

A: အဲဒီရောဂါမျိုး ကျွန်တော့ဆီမှာ မရှိသေးဘူးဗျ….

-----***********-----

အပိုင်းအစ(၂)

PCO ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်းဆက်ရန်စောင့်ဆိုင်းနေသူများ ပြည့်နှက်နေသည်…

ထိုစဉ် ဖုန်းဆက်ရန် အလှည့်ရောက်ရှိလာသော လူတစ်ယောက်သည် ဖုန်းခွက်ကို လေးကန်စွာ မကိုင်၍ ဖုန်းခလုတ်များကို တစ်ချက်ချင်း နှိပ်သည်…

ပြီးလျှင် သက်ပြင်းရှည်ချကာ ဖုန်းခွက်ကို နားနားသို့ကပ်လိုက်သည်…

ထို့နောက် အတန်ကြာ စကားပြောခြင်း မရှိပဲ ငြိမ်သက်နေသည်…

သူ့နောက်မှ ဖုန်းဆက်ရန် စောင့်နေသူများက လုံးဝစိတ်မရှည်တော့ပဲ…

"ဟေ့လူ… ဖုန်းဆက်လို့ မရလဲ ဖုန်းချလိုက်တော့လေဗျာ…"

"မဟုတ်ဘူး… ကျွန်တော့မိန်းမ စကားပြောနေတယ်…"

-----***********-----

Read More...

June 19, 2008

အပျိုကြီးဋီကာ

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…

- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…

- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…

- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…

ပြီးတော့ ရှိပါသေးတယ်…

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…

- (စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)

- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…

- (တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )

- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…

- (အတတ်ပညာနဲ့ ပြည့်စုံတယ်…)

- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…

- (နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)

- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…

- (၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်… အသက်(၂၅)ကို ဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ… မရည်ရွယ်ဘူးဖြစ်စေ… “အပျိုကြီး” လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…

- “ငါ တကယ်အပျိုကြီးဖြစ်နေပြီလား” (စိတ်ထဲက ပြန်ပြောတာ…)

- “ငါ အသက်မကြီးသေးဘူး ထင်တာပဲ…” (မှန်ကြည့်ပြီး ပြောတတ်သောစကား…)

- “ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…” (ဆယ်ကျော်သက်များက အပျိုကြီးဟု ခေါ်သောအခါ တုံ့ပြန်ပုံ…)

- “ငါက သူ့ထက်တောင် နုပါသေးတယ်…” (သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)

- “ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…” (သူမ၏စီနီယာ အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ ဆင်ခြင်ပုံ…)

အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို အပျိုကြီးလို့ ပြောမိရင်တော့…

- “ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…”

- “ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…”

- “သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…”

- “ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…”

- “ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…”

- “ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…”

- “ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…”

- “ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…”

- “ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…”

- “မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…”

- “ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…”

- “ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…”

- “အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်”

- “သွားမပါရင်နေ… ကားပါရင် စဉ်းစားမယ်…” စသည်ဖြင့်ပေါ့…

(တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်… တစ်ချို.ကတော့ မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်… တစ်ချို.ကတော့ တည်တည်ကြီးတုံ့ပြန်ပါတယ်…)

မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကို အလွန်နှမြောကြပါတယ်… အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက် ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ… ဇရာကို ကျားကန်ထားတတ်ကြပါတယ်… “ဣတ္ထိရူပံ ဓနံ”… ဆိုတော့လည်း… ပြောရခက်သားပဲလေ…

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက…

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…

(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…)

-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…

-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…

(ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…)

-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…

-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…

(မနှစ်က အသားညိုချော လုံးကြီးပေါက်လှ အပျိုကြီးမမ တစ်ယောက်ကို တွေ့ဖူးပါတယ်... သူမ voice call ပြောတဲ့အခါမှာ ပုံမှန်အသံနဲ့ လုံးဝမပြောပါဘူး... hand phone နဲ့ပြောရင်လည်း အဲလိုပါပဲ... ပြောရင်းနဲ့ ရယ်သံတွေလည်းပါသေးတယ်... အရယ်လည်းသန် အအီလည်းသန်ပါတယ်... သူငယ်ချင်းတွေက သူ့အကြောင်းပြောရင် မကျူကျူစိန်လို့ ပြောပါတယ်... ကျွန်မ(ကျမ)က ကျူလွန်းလို့ ပေးထားတဲ့နာမည်ကို မသိပါဘူး... သူမရဲ့နာမည် အရင်းလို့ပဲ ထင်နေတာပါ... ကျမကလည်း သူငယ်ချင်းတွေနဲ့ ပြောရင် သူမကို ညွှန်းချင်တဲ့အခါ မကြူကြူစိန်လို့ ပြောပါတယ်... တစ်ရက်မှာ သူမနဲ့သိတဲ့ အစ်မ တစ်ယောက်က သူမနာမည်အရင်းနဲ့ မေးလာတော့... လူက အူကြောင်ကြောင်ဖြစ်သွားတယ်... ကိုယ်ပဲ လူမှားသလားပေါ့... မမှားပါဘူး... ကျမက နာမည် မှားမှတ်ထားမိတာပါ... တော်ပါသေးတယ်... သူမကို မကျူကျူစိန်ရေ... ဧည့်သည်လာတယ်လို့များ ပြောမိရင်တော့... သူမ ဘာဖြစ်သွားမလဲ... ကျမရော ဘာဖြစ်သွားမလဲ... အောင်မယ်လေး ကိုယ့်ကိုကိုယ်တော့ မတွေးရဲပါဘူး... လျှာချောင်ပြီး လောကွတ်မချော်မိတာ... ကံကောင်းလို့)

-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်…

အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး တော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…

မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…

ငွေဒေါင်းဖြူ

Read More...

June 18, 2008

"မမေ့နိုင်"

အကျဉ်းအားဖြင့် ...
အုန်းထမင်းနဲ့ ကြက်သားဟင်း အကြောင်း ပြီးတဲ့ အခါ မယ်က မယ်တို့ အဖွဲ့ ရဲ့ ဂုဏ်ပုဒ်ကို ထပ်ပြီး ဖော်ထုတ်ချင်ပါသေးတယ်...
အဲ အဖြစ်အပျက်ကလေးကတော့ .....
မယ်တို့ တဖွဲ့လုံးနဲ့ခင်နေတဲ့ ဆရာတစ်ယောက်က မကြာမီကမှ မင်္ဂလာဆောင်သွားပါတယ်..အဲဒီဆရာက မယ်တို့ရဲ့ ဒယ်ဒီဆရာနဲ့ အရမ်းခင်ပါတယ်.လာလည်နေကြပါ..တနေ့တော့ အဲဒီဆရာက အလည်လာရင်း မင်္ဂလာဆောင်အတွက် ဘာမှမကျွေးရသေးလို့ မယ်တို့ အားလုံးကို ကျွေးမွေးဖို့ မုန့်ပုံးကြီး တစ်ပုံး နဲ့ ကော်ဖီမစ်ထုပ်ကြီး တစ်ထုပ် ယူလာပါတယ်.. (အခြေအနေ အရပ်ရပ်ကို ကြိုသိသူပါ)
အဲဒီညက လူမစုံဖြစ်သေးတော့.. မယ်တို့အပြင် တခြားအမတွေလည်း ရှိပါသေးတယ်...အဲဒါနဲ့ လူတက်ညီလက်ညီနဲ့ မစားဖြစ်ကြသေးပါဘူး.... မနက်ရောက်တော့ မုန့်ပုံးက တစ်ဝက်ကျိုးနေပါပြီ.. ကျွေးချင်တဲ့ ဆရာကတော့ အားပေးပြီး နေတာကို မသိလိုက်ရှာပါဘူး....မီးတို့ကိုလည်း ဆရာက လူစုံမှစားကြရအောင်လို့ ကြိုမှမပြောထားတာလေ...အဲဒါနဲ့ ညရောက်တော့မှ ဆရာက ကောက်ဖီပွဲ နွှဲကြမယ်ဆိုပြီး သွားကြည့်တဲ့ အခါမှာတော့ မုန့်ပုံးကလည်း ကုန်သလောက်ဖြစ်လို့ နေပါပြီ..ဆရာလည်း အဲဒီတော့မှ စိတ်လျှော့လိုက်လေရဲ့.....အဲ..ဒါပေမယ့် မယ်တို့ ဒယ်ဒီဆရာကိုတော့ စကားတစ်ခွန်း ပြောသွားးလေရဲ့........"ဆရာ့ သမီးတွေ စားတာတော့ အံ့သြတယ်ဗျာတဲ့".......မယ်ကလည်း မယ်တို့ကို အံ့သြနေရှာတဲ့ ဆရာကို သနားလိုက်မိပါရဲ့.. မီးတို့ အမှားဟုတ်ပါဘူးနော်..စဉ်းစားကြည့်ကြပါရှင်..ဘယ်သူ့အမှားလဲလို့ ..... ဟဲဟဲ...အဖြစ်လေးကတော့ ဒီမျှသာ......
******************-----------------------------------------------***********************

ဒါကအပြည့်အစုံ Post လေးပါ...

Read More...

ရူးမှာစိုးရင်

...
ဟူး .....................မလွယ်ပါဘူးဗျာ
ဒီအဖွဲ့မှာ နေချင်ရင်တော့ ဘက်စုံတော်မှပဲ ဖြစ်မယ်ဗျ
ပိုင်ဆိုင်တဲ့ ဂုဏ်ပုဒ်အနည်းအကျဉ်းကို ငွေဒေါင်းဖြူလက်ချက် ကာရန်များမှာ တွေ့မှာပေါ့ အဲဒါ လက်တွေ့ရဲ့ ၁၀ ပုံ ၁ ပုံတောင်မရှိသေးဘူး
ပြောချင်တာတွေကတော့ များပ .....
လောလောဆယ်တော့ post ရေးဖို့မပြောနဲ့ ရေးပြီးသားတွေ ဖတ်ဖို့တောင် အားမထုတ်နိုင်တဲ့ တစ်ယောက်အကြောင်းပေါ့လေ....ပြောရတာတောင် လက်ညောင်းတယ် ...နောက် စိတ်ပါမှပဲ ပြောတော့မယ်
ိချက်တင်းဝင်ဖို့ကျ စာရိုက်ဖို့ ဝီရိယ ရှိပါ့ဗျာ ( ဆိုင်သူရှိရင် ဝန္ဒာမိဗျာ)
ပြောရရင် ကိုယ့်အတင်းကိုယ်ပြန်ပြောသလို ဖြစ်ရော့မယ်
မအားပါဘူးဆိုမှ စာရေးကောင်းတဲ့ ငွေဒေါင်းဖြူက post အသစ်တင်လိုက်တော့ လူကနေချင်ပေမယ့် အကျင့်ကမနေနိုင်တော့ပြန်ဘူး
မယ်ကမ္ဘာကလည်း အငြိမ်မနေဘူး အလာလေးတွေ
ညညဆို ကြာလေကြာလေမှုန်တို့ကလည်း သူစာပြီးတိုင်း အိပ်မယ် ဆိုတာချည်းပဲ
ဘေးမှာ မအိပ်နိုင်သေးတဲ့ သူကိုတောင် အားမနာဘူး
ခုလည်း အိပ်တော့မယ်တဲ့ သူ့ကို မကျေနပ်တာနဲ့ စာမကြည့်ဘဲ post ဝင်ရေးနေမိတော့တာပဲ
အဝေးရောက်နေတဲ့မောင်ကို လွမ်းတဲ့သူကလည်း ငြိမ်ငြိမ်မလွမ်းဘူးဗျာ
သီချင်းတွေဖွင့်ဖွင့်ပြီးလွမ်းတော့ ကျတော့်မှာပါ ရောဂါကူးကုန်ရောပေါ့
ထနောင်းတို့က ပြောသေးတယ် တော်ပါသေးရဲ့ ဘရူနိုင်းအထိမ်းအမှတ် အုန်းထမင်းကျွေးတာလို့ ရေးလို့..........." -----" ရတဲ့ အထိမ်းအမှတ်ဆိုပြီးသာရေးလိုက်ရင်တော့ ...သွားတော့မှာပဲ ဆိုပြီး
download specialist ကလည်း ခုတလော အလုပ်ရှုပ်နေလို့တဲ့ ဘာဇာတ်ကားမှ download မချဘူး
အိုဗျာ ...ခုတလောကတော့.........နေရတာကို အဆင်မပြေပါဘူး
ခုချိန်သကြားမင်းဆင်းလာရင် တော့ ဒီpost ကို ဖတ်နေတဲ့သူကို အရူးစာဖတ်တတ်လို့ဆိုပြီး ကရုဏာရှင်ဘွဲ့ပေးသွားမှာပဲ
ကဲ ...................ကရုဏာရှင်ရေ........ရေးချင်ရာရေးထားကြတဲ့ D site လေးကို နောက်တစ်ခါလည်း လာလည်လှဲ့ဦးပေါ့နော့........
ရူးမသွားရင်တောင် မူးသွားဖို့တော့ အာမခံပါတယ်ဗျ..........အဟုတ်.......အဟုတ်....
အဲ.....ရူးသွားရင်လည်း စိတ်တော့မပူပါနဲ့ ဇီးယို ကျွေးမယ့် ဒကာ ရှိတယ်နော

Read More...

မယ်ကမ္ဘာ့မိတ်ဆက်

အကျဉ်းအားဖြင့် ...
မယ်ကမ္ဘာ့မိတ်ဆက်
တို့ကတော့..ဒီဘလော့ရဲ့ member တစ်ယောက်ပါ...အခြေအနေအရပ်ရပ်ကြောင့် ခုမှစပြီး မိတ်ဆက်ဖြစ်ရပေမယ့် ငွေဒေါင်းဖြူကတော့ ကောင်းကောင်းဆော်ထား...အဲလေ.. ကောင်းကောင်းမိတ်ဆက်ပေးထားပြီးသားပါလေ...အကျွန်.ကျွန်ုပ်ကလည်း.. ကြာလာလေ ခံရဖွယ်များလေစွလို့ ခံယူပြီး တတ်သည့် ပညာ မနေသာဆိုသလို (ဆော်ပလော်ပွဲကြီး) အဲလေ holy lady တို့ရဲ့ ဘလော့ ကြီးမှာ ပါဝင်ဆင်နွှဲတော့ လတ္တံ့.....*********လာမည်ကြာမည်မျှော် *********

ဒါကအပြည့်အစုံ Post လေးပါ...

Read More...

June 17, 2008

အုန်းထမင်းနဲ့ ကြက်သားဟင်း

ကျွန်မ(ကျမ)တို့အဖွဲ့ရဲ့ လက်ကိုင်ဆောင်ပုဒ်လေးကတော့...
***"အိပ်ခြင်းသည်အား... စားခြင်းသည် အသား... စာကျက်ခြင်းသည် အလကား"*** တဲ့...
အိပ်နေချိန်များလာမနှိုးပါနဲ့... ရန်သူဖြစ်သွားနိုင်ပါတယ်... အစားဆိုရင်လည်း အားလုံးရဲ့အားနဲ့ ဝိုင်းဖြိုလိုက်ကြတာ အက်ဆစ်နဲ့... ငရဲမီးနဲ့ စားသွားသလိုပါပဲ... စာဆိုရင်တော့ ဝေရာမဏိပါ... တတ်နိုင်သမျှဝေးဝေးက ရှောင်ပါတယ်...
ဇန်နဝါရီလက ကျမတို့ အဖွဲ့ထဲက တစ်ယောက် ဘရူနိုင်းနိုင်ငံကို သွားရပါတယ်... ကျမတို့က သူပြန်လာတာနဲ့ ဝိုင်းညှဉ်းဆဲကြဖို့ ပါးစပ်ပြင်ထားကြပါတယ်... ဒါပေမယ့်... သူက အကြောင်းကြောင်းတွေကြောင့် မကျွေးသေးပဲ နေပါတယ်...
ကဲ... စဉ်းစားကြည့်ကြပါဦး... ပါးစပ်ပြင်ထားတဲ့ သူတွေ ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲဆိုတာ... ဒီလိုနဲ့ပဲ... (၆)လ လောက်ကြာတဲ့ အချိန်မှာ အားလုံးမျှော်လင့်ထားတဲ့ နေ့ကို ရောက်လာပါတယ်... သူက အုန်းထမင်းနဲ့ ကြက်သားဟင်းကျွေးမယ်တဲ့... အားလုံးက ပျော်ကြတာပေါ့... အုန်းထမင်းနဲ့ ကြက်သားစားရချည်သေးရဲ့ပေါ့... သူက ရွာထဲက ကြက်သားမှာလိုက်ပါတယ်... နောက်နေ့ကျ ကြက်သားပါလာပါတယ်... ကြက်က ကိုင်တော့ ကိုင်ထားပြီးသား... ဒါပေမယ့် အကောင်လိုက်ပါ... မခုတ်ရသေးပါဘူး...
ရှုပ်ပါတယ်... အကောင်လိုက်ပဲကြော်စားကြစို့ဆိုတော့... သူက ချက်မယ်တဲ့... ဈေးကားနဲ့ အုန်းသီးမှာလိုက်တယ်တဲ့... အဲလိုနဲ့ပဲ သူက ကြက်သားဟင်းချက်လိုက်ပါတယ်... နေ့လည်စာကို ကြက်သားဟင်းနဲ့ စားလိုက်ကြပါတယ်... တော်တော်လေးစားကောင်းပါတယ်... အုန်းထမင်းကတော့ အုန်းသီးရ မရ မသိသေးလို့ အကောင်အထည်မပေါ်သေးပါဘူး... အုန်းထမင်းနဲ့စားဖို့တော့ ကြက်သားဟင်းတွေ ကျန်နေပါသေးတယ်...
ညနေမှာတော့ ဈေးကားနဲ့ အုန်းသီး (၂) လုံးပါလာပါတယ်... အဲဒီမှာ ပြဿနာစတာပါပဲ... အုန်းသီးက အလွယ်တကူ ခြစ်လို့ရတဲ့ စင်းလုံးချောလေးမဟုတ်ပါဘူး... အုန်းဆံဖတ်တွေ အများကြီးနဲ့ပါ... လက်နဲ့ ဆွဲခွာတော့လည်း အားအရမ်းစိုက်ရပါတယ်... ထင်သလောက်ခရီးမပေါက်ပါဘူး... ထော်လာဂျီမောင်းတဲ့ ဦးလေးက သနားသော အားဖြင့် ဓါးမတစ်လက်ငှားခဲ့ပါတယ်...
ဒီမှာတော့ holy တို့က လာထား... အုန်းသီးကို အေးအေးဆေးဆေးခွဲတတ်တယ်ဆိုပြီး... ဓါးမကို ကိုင်လိုက်တယ်... ပြီးတော့ ပြောပါတယ်... "ငါက အုန်းဆံဖတ်ရှင်းပြီးသား စင်းလုံးချော အုန်းသီးကိုပဲ ခွဲတတ်တာတဲ့..." အဲလိုပြောပြီး အုန်းဆံဖတ်ရှင်းလင်းရေးဆက်လုပ်နေပါတယ်...
ကျမနဲ့ ထနောင်းက အုန်းဆံဖတ်တွေ ဆွဲခွာရတယ်... အုန်းသီးကို လက်နဲ့ ဖိလိုက် ခြေထောက်နဲ့ ကန်လိုက်နဲ့ ခွာလိုက်ကြတယ်... နောက်ဆုံးတော့လည်း အောင်မြင်သွားပါတယ်... အဲဒီအခါကျတော့... အုန်းရေခံပြီးသောက်လိုက်ကြတာပေါ့... ဘယ်ဟာမှာ အလဟဿ အဖြစ်မခံနိုင်ဘူးလေ... အုန်းသီးက အသားတော်တော်ထူပါတယ်...
အဲဒီအချိန်မှာ... အုန်းသီးခြစ်ဖို့ အခြစ်(ချစ်)ကျွမ်းတဲ့ ကာ(အင်းဝ)က မောင်းတင်ပြီးထွက်လာပါတယ်... ဘယ်မှာလဲ အုန်းသီးခြစ်ဖို့ ခြစ်(ဂျစ်)... ဘေးဘီကို ကြည့်လိုက်တော့ သင်္ဘောခြစ်(စိန်ခလုတ်)ကို သွားတွေ့ပါတယ်... ကျမက အဲဒါနဲ့ခြစ်လိုက်လို့ ပြောတော့ ကာ(အင်းဝ)က မဖြစ်လောက်ဘူး... အဖတ်တွေရလာရင် အုန်းရေညှစ်ဖို့မလွယ်လောက်ဘူးတဲ့... မလွယ်ရင် ခြစ်ပြီးသားတွေ ပြန်ထောင်းပြီးမှ ညှစ်တာပေါ့ဆိုတော့ အားလုံးသဘောတူကြတယ်... ခြစ်ဖို့အတွက် အုန်းသီးအသားလေးတွေပဲရအောင် holy က ကြိုးစားပါတယ်... ဓါးနဲ့ အုန်းသီးက အင်အားမမျှရှာဘူး... သူ့ခမျာ Balance ညီအောင် မနည်းညှိပြီး လုပ်နေရရှာတယ်...
ကာ(အင်းဝ)က ခြစ်... မယ်ကမ္ဘာက ထောင်းပါတယ်... ခမ်းကြာမှုန်ကတော့ Heineken Beer ပုလင်းဖုံးနဲ့ ခြစ်ပါတယ်... တစ်ကယ်လိုများ Heineken Beer ပုလင်းဖုံးတွေများများရှိရင် ကာ(အင်းဝ)နဲ့မယ်ကမ္ဘာလည်း အေးဆေးခြစ်ရုံပါပဲ... အခုတော့ တစ်ခုကိုတောင်မနည်းရှာထားရတာပါ...
ကျမလည်း ရှိဦးမလားဆိုပြီး ဟိုရှာ ဒီရှာထပ်ရှာပါတယ်... မြန်မာပြည်ဖြစ် Soju ပုလင်းဖုံးလေးတစ်ခု သွားတွေ့ပါတယ်... အဖုံးလေးက ကချူကချာလေးပါ... ကျမလည်း အားကျမခံ Soju ပုလင်းဖုံးလေးနဲ့ ခြစ်ပါတယ်... ကျမခြစ်နေတုန်း Soju ပုလင်းဖုံးလေးက အစွမ်းပြပါတော့တယ်... အဖုံးက အစိမ်းရောင်လေးပါ... အဖုံးလေးရဲ့ စွမ်းအားကြောင့် အုန်းသီးဖတ်ကလေးတွေက အစိမ်းရောင်ပြောင်းလဲသွားပြီး သူကိုယ်တိုင်ကတော့ အရောင်မဲ့သွားရှာပါတယ်...
ခြစ်ပြီးသွားတော့ ကာ(အင်းဝ)က အုန်းရည်ညှစ်ပါတယ်... အုန်းသီး(၂)လုံးဆိုတော့ အရည်တော်တော်များများရပါတယ်... holy က ဆန် (၄) လုံးနဲ့ ချက်မယ်ဆိုတော့ ကျမက ဆန်ဆေးပေးလိုက်ပါတယ်... holy က စချက်ပါတော့တယ်...
ဒါပေမယ့်... ထမင်းပေါင်းအိုးက မလိမ္မာဘူး... အိုးကျပ်လို့ ထမင်းကို နပ်အောင်ချက်မပေးနိုင်ဘူး... ဆန်က အစေ့လိုက်တွေဖြစ်နေတယ်... ဒါကြောင့် ရေထပ်ထည့်တယ်... အဲဒါလည်း မနပ်နိုင်ဘူး... ကဲ... ဒီလောက်တောင် ခေါင်းမာတဲ့ ထမင်း တစ်ဝက်စီခွဲနှပ်ရအောင်ဆိုပြီး... တစ်ဝက်ခွဲထုတ်လိုက်တယ်... ရေထပ်ထည့်တယ်... နှပ်တယ်... မနပ်ဘူး... ပေါင်းအိုးခလုတ်တက်သွားတယ်... ပြန်ဖိတယ်... ထပ်နှပ်တယ်... ခေါင်းမာတဲ့ ထမင်းတွေ အပေါ်အောက် ပြောင်းဆန်အောင် ကြောက်ပါပြီအော်တဲ့အထိ မွှေနှောက်ပစ်လိုက်တယ်...
ည (၈)နာရီ ခွဲသွားပြီ... ဗိုက်တွေလည်း အရမ်းဆာနေကြတယ်... အုန်းသီးနံ့... အုန်းရည်နံ့... အုန်းထမင်းနံ့တွေ နှိပ်စက်လို့ ခေါင်းတွေလည်း မူးနေကြပြီ... ကျမတို့ အားလုံးက အုန်းထမင်းကို အရမ်းမျှော်လင့်ထားခဲ့ကြတာပါ... (၆)လလောက် မျှော်လင့်ခဲ့ရတာပါ... ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ရှာပါဘူး...
နောက်ဆုံးတော့လည်း အုန်းထမင်းက ဘယ်လောက်ပဲ ခေါင်းမာ ခေါင်းမာ... holyfriends တို့ရဲ့ ဝါးမြိုခြင်းခံလိုက်ရရှာတယ်... မနပ်နိုင်တဲ့ အုန်းထမင်းလေးကို ဝိုင်းသနားလိုက်ကြတာများ... holyfriends တို့ တစ်ဖွဲ့လုံး စောစောအိပ်ရာဝင်လိုက်ကြရတဲ့ အထိပါပဲ...


ငွေဒေါင်းဖြူ

Read More...

ကာရန်များ

ကာရန်(၁)
သူမကိုယ်သူမတော့ အလှဆုံးလို့ သတ်မှတ်ထားတယ် ထင်ပါတယ်...
ကျွန်မ(ကျမ) တို့ကတော့ သူမ အလှဆုံးနေပြီလို့ ယူဆကြတယ်...
သူမက ကျမတို့ အဖွဲ့မှာ အကြီးဆုံးလေ...
အိပ်ပုတ်လည်း ကြီးတာပါပဲ...
တစ်ခါတစ်လေ သူ့ရည်းစားနဲ့ voice call ပြောရင်း အိပ်ပျော်သွားတတ်သေးတယ်....
(ဟိုဘက်က လူကတော့ သူငြိမ်ပြီးနားထောင်နေတယ် ထင်မှာပေါ့...) အစားဆိုရင်လည်း လာခဲ့... ဆန်တစ်အိတ်နဲ့ ဆိတ်တစ်ကောင်လောက်တော့ အသာလေးပဲ...အသံကလည်း အရမ်းနားဝင်ပီယံရှိတာ... တစ်ခါ သူ voice call ပြောရင်းထအော်လိုက်တာ ကျမတို့ ကျန်တဲ့လူတွေ လိပ်ပြာလွင့်သွားလို့ ကလူကလူနဲ့ လိပ်ပြာပြန်ခေါ်ရတဲ့ အထိပဲ...
ဒါပေမယ့် သူမမှာ အရမ်းချစ်စရာကောင်းတဲ့ အချက်တစ်ချက်ရှိတယ်...
အဲဒါကတော့ သူမက ကျမတို့ အားလုံးရဲ့ ဘဏ်တိုက်ကြီးပါ...
(သူမ အားအရမ်းကြီးတဲ့ အကြောင်းတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၂)
သူမကိုယ် သူမ ဂျပန်မနဲ့ တူသတဲ့...
သူမက ကျွန်မတို့ အဖွဲ့ရဲ့ နံပါတ်တစ် အိပ်ပုတ်ကြီးတဲ့သူပါ...
မျက်မှန်ကတော့ ပါဝါ ၃၀၀ကျော်တပ်ထားရတယ်...
ကဗျာတွေနဲ့ သီချင်းတွေကို အရမ်းကြိုက်တယ်...
လူပုံစံကတော့ ခပ်တည်တည်ပဲ...
သူမ မျက်နှာပေါ်က ခံစားချက်တွေက တစ်သတ်မတ်တည်းပဲ...
သိပ်အပြောင်းအလဲ မရှိဘူး...
အဲ... သူမ သက်ဝင်လှုပ်ရှားလာတဲ့ တစ်နေရာရှိတယ်...
အဲဒါကတော့...
ကင်မရာရှေ့ရောက်သွားလို့ကတော့... အလိုအလျောက်ပဲများသွားတတ်ခြင်းပါပဲ...
သင်က ကင်မရာမင်း(န်)ဆိုရင်တော့...
သူမရဲ့ ပဲလေးတွေကို မှန်ဘီလူးက တစ်ဆင့်ကောင်းကောင်းမြင်ရမှာပါ...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ ကျမတို့ အဖွဲ့ရဲ့ စိတ်ရှုပ်စရာကောင်းတဲ့ စာရင်းအင်းအားလုံးကိုင်ပေးခြင်းပါ...
(သူမရဲ့ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၃)
သူမကိုယ် သူမကတော့ ရုပ်ဆိုးပေမယ့် ဆွဲဆောင်မှုရှိတယ်လို့ ခဏခဏ ပြောတတ်တယ်...
အပြောချိုရင် အရာအားလုံးကို ဖမ်းစားနိုင်တယ်လို့ ထင်မှတ်ထားတဲ့သူ...
ကမ္ဘာပေါ်မှာ ကျမ မခံစားနိုင်ဆုံးအသံကတော့...
သူမ voice call ပြောတဲ့ အချိန်မှာ ထွက်ပေါ်လာတတ်တဲ့ ရယ်သံပါပဲ...
အဲဒီအချိန်မှာ ခံစားရတဲ့ ကျမရဲ့ ခံစားချက်ကို ဘာနဲ့ နှိုင်းပြရမှန်းကို မသိတော့ပါဘူး...
သူမ မဖြစ်ချင်ပါဘူး မလုပ်ချင်ပါဘူး မကြိုက်ပါဘူးလို့ ပြောတဲ့ အချက်တွေက...
သူမ အမှန်တကယ် ဖြစ်လာသော၊ တကယ်တမ်းလုပ်ဖြစ်သော...
ကျိန်းသေပေါက် ကြိုက်ဖြစ်သွားသော အချက်တွေပါပဲ...
ပြီးတော့ ဆရာကြီးလုပ်ချင်တာလည်း လွန်ပါရော...
ကျမတို့ သိချင်တဲ့ အချက်အလက်တော်တော်များများလည်း သူမမှာရှိနေတတ်တယ်...
ရွှီးကလည်း အရမ်းရွှီးတတ်တာ... ရုပ်တည်နဲ့ တကယ်ဟုတ်သလိုပေါ့...
ွှရွှီးပုံများပြောပါဦးမယ်...
ဟိုအဆိုတော်မလေး ကြိုးကြာကို ဥသြဆိုပြီးရွှီးချလိုက်တဲ့ အထိပဲ...
ကျမတို့ဝိုင်းအော်မယ့် အချိန်ကို မျှော်လင့်ပြီး သူမလုပ်နိုင်တာတွေလည်း လျှောက်ပြောတတ်သေးတယ်...
သူမရဲ့ချစ်စရာကောင်းတဲ့ အချက်ကတော့ သူများပြောသမျှစကားတွေကို သည်းခံနားထောင်ပေးတတ်ခြင်းပါပဲ...
(သူမရဲ့ ကျူကျူစိန်ဖြစ်ရပ်တွေကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)


ကာရန်(၄)
သူမကိုယ် သူမ မှန်ကြည့်ပြီး ငါတော်တော်လှပါလားလို့ ပြောတတ်တယ်...
အင်တာနက်ကနေ ဇာတ်ကားတွေ download လုပ်ပြီး တစ်နေကုန် ထိုင်ကြည့်နေတတ်တယ်...
အသံအားကိုးနဲ့ အရာအားလုံးကို ဖြေရှင်းတတ်တဲ့သူ...
ကဂျီကဂျောင်များပြီး...လူတွေနဲ့ သိပ်မအပ်စပ်တဲ့သူ...
စုတ်တီးစုတ်ပြတ်နဲ့ မျက်နှာမသစ်ခင် နံနက်စာ စားတတ်သေးတယ်...
အဝတ်တွေလည်း ပုံထားပြီး ဝတ်စရာမရှိတော့မှ လျှော်တတ်တယ်...
လျှော်ပြီးရင်လည်း မီးပူတိုက်ဖို့ကို စိတ်ကူးထဲမထည့်ဘူး...
နမော်နမဲ့နိုင်လွန်းလို့ ခဏခဏတိုက်မိခိုက်မိတတ်သေးတယ်...
သူမအော်ရင် ရယ်ရင် အားလုံးနားမခံနိုင်လို့ နားကို ခဏဖြုတ်ထားချင်မိကြတယ်...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ တစ်ခုခု လိုအပ်လာရင် မရှက်တမ်း ချေးပေးငှားပေးတတ်ခြင်းပါပဲ...
(သူမရဲ့ အော့ကြောလန်စရာ အချက်ကလေးတွေတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၅)
သူမကိုယ် သူမ ချစ်စရာအကောင်းဆုံးလို့ ထင်မှတ်ထားပါတယ်...
အားလုံးရဲ့ အမြင်မှာတော့ ဗလအကောင်းဆုံးလူပါ...
သူမကတော့ အလွန်ချေး(ဂျီး)များပါတယ်...
အကောင်းဆုံးတွေကို သဘောကျတတ်ပါတယ်...
ရွေးလွန်းလို့ အပျိုကြီးဖြစ်ရမယ်ဆိုရင် သူမထိပ်ဆုံးကပါမှာပါပဲ...
အငြင်းလည်း အရမ်းသန်ပါတယ်...
ကမ္ဘာ့ အငြင်းပြိုင်ပွဲလုပ်ရင် ပလက်တီနမ် တံဆိပ်ရမယ့်သူပါ...
တစ်ခါတစ်လေတော့လည်း အရမ်းယုံလွယ်လွန်းတယ်...
သူများက စနောက်ပြောတာတွေကိုလည်း အတည်မှတ်နေတတ်ပါတယ်...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ ချော့မော့ပြောဆို အကူအညီတောင်းရင် အပြည့်အဝကူညီတတ်ခြင်းပါပဲ...
(သူမရဲ့ စိတ်ကြီးပုံနဲ့ ဂဂျိုးဂဂျောင်ဖြစ်ရပ်တွေကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၆)
သူမကိုယ် သူမပြုံးအလှပိုင်ရှင်လို့ ယူဆထားပုံပါပဲ...
ကျမတို့ကတော့ ခင်သန္တာသက်ချိုပြုံးလို့ပဲ မြင်ပါတယ်...
စိတ်ကူးတည့်ရာ လျှောက်လုပ်တတ်ပါတယ်...
ပြီးရင် ကြာရှည်မလုပ်ပါဘူး... ကောက်ရိုးမီးလိုပါပဲ...
စကားကတော့ အရမ်းကြွယ်ပါတယ်... တစ်ခါတစ်လေတော့ သူများကို ဂရုမစိုက်ပဲ လုပ်ချင်တာတွေလျှောက်လုပ်တတ်ပါတယ်...
ကိစ္စတစ်ခုကြုံလို့ အားလုံးပေါက်ကွဲကြချိန်မှာ သူမကတော့ အေးဆေးပါပဲ...
အဲ... အားလုံးအေးဆေးသွားရင်တော့ သူမက အနာဟောင်းကို တုတ်နဲ့ဆွပြီး ဒေါသူပုန်ထတော့တာပါပဲ...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ သူမ စိတ်ကူးပေါ်လာချိန်မှာ အားလုံးအတွက် အစစအရာရာ လုပ်ပေးတတ်ခြင်းပါပဲ...
(သူမရဲ့ အီစီကလီသံနဲ့ ဖုန်းအကြာကြီးပြောတတ်တဲ့ အကြောင်းတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

***ကာရန်တွေရဲ့ ထူးခြားချက်ကတော့ အချင်းချင်း အော်ဟစ်ပြီး ရန်ပွဲတွေ တဂျိမ်းဂျိမ်း
နွှဲတတ်ခြင်းပါပဲ...***

ငွေဒေါင်းဖြူ

Read More...

June 05, 2008

ပြောရဦးမယ်...

ဒီနေ့ခေတ်ကြီးမှာ Internet သုံးသူ တော်တော်များများ Blog Post တွေ ရေးနေကြတာလေ... ကိုယ်ရဲ့ Blog Site လေးမှာ ကိုယ်ရေးချင်တာ ရေးရတာလည်း ပျော်စရာကောင်းတာပေါ့နော်... တစ်နေ့တော့ ဒီ Blog ရဲ့ ဇာတ်လိုက်ကျော် Holy က သူ Blog တစ်ခု Create လုပ်ပြီးပြီတဲ့... Post တွေတင်ပါဦးတဲ့... သူ Invite လုပ်လိုက်ပြီတဲ့... ဘယ်ပြောကောင်းမလဲ... ငွေဒေါင်းဖြူတို့ကလည်း စာရေးဆရာတော့ဖြစ်ချင်သား... အားပေးမယ့်လူရှိလို့ကတော့ ဝမ်းသာအားရ ကင်းမြီးကောက်ထောင်ရေးမယ့် အမျိုးအစား... လာလေ့... ရေးလိုက်ဦးမဟဲ့ပေါ့... တကယ်တမ်းရေးဆိုတော့ ခက်သားလား... ဒါပေမယ့် ကိစ္စမရှိပါဘူး ... မရေးတတ်လည်း ဘာမှ မဖြစ်ဘူးဟုတ်လား?... "အို... ဘာပဲဖြစ်ဖြစ် Blog ထဲမှာ... Online ပေါ်မှာတော့... စာရေးဆရာ ဖြစ်ရချည်သေးရဲ့"...


Read More...

June 01, 2008

အချစ် = သုည



ရေးသားသူ...........ခမ်းကြာမှုန်

Read More...