June 21, 2008

မရယ်ချင်လည်း ပြုံးပေးပါ...

အပိုင်းအစ(၁)

A: အစာကြေဖို့အတွက် ကျွန်တော် ဘီယာသောက်တယ်….

သွေးခုန်နှုန်း သိပ်ပြီး နိမ့်နေရင် ဝိုင်အရက်အနီကို သောက်တယ်….

တုတ်ကွေးဖြစ်ရင်တော့ ကော့ညက်အရက် သို့မဟုတ် ရမ်ကို သောက်တယ်….

အဲ…. လည်ချောင်းနာရင် မီးတောက် အရက်ကို သောက်ချလိုက်တယ်….

(ရည်းစားကို လွမ်းနာကျလာရင်တော့ ဗော့ကာသောက်တယ်….)

B: ဒါဆို ခင်ဗျား ဘယ်အချိန်မှာ ရေသောက်သလဲ….

A: အဲဒီရောဂါမျိုး ကျွန်တော့ဆီမှာ မရှိသေးဘူးဗျ….

-----***********-----

အပိုင်းအစ(၂)

PCO ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်းဆက်ရန်စောင့်ဆိုင်းနေသူများ ပြည့်နှက်နေသည်…

ထိုစဉ် ဖုန်းဆက်ရန် အလှည့်ရောက်ရှိလာသော လူတစ်ယောက်သည် ဖုန်းခွက်ကို လေးကန်စွာ မကိုင်၍ ဖုန်းခလုတ်များကို တစ်ချက်ချင်း နှိပ်သည်…

ပြီးလျှင် သက်ပြင်းရှည်ချကာ ဖုန်းခွက်ကို နားနားသို့ကပ်လိုက်သည်…

ထို့နောက် အတန်ကြာ စကားပြောခြင်း မရှိပဲ ငြိမ်သက်နေသည်…

သူ့နောက်မှ ဖုန်းဆက်ရန် စောင့်နေသူများက လုံးဝစိတ်မရှည်တော့ပဲ…

"ဟေ့လူ… ဖုန်းဆက်လို့ မရလဲ ဖုန်းချလိုက်တော့လေဗျာ…"

"မဟုတ်ဘူး… ကျွန်တော့မိန်းမ စကားပြောနေတယ်…"

-----***********-----

No comments: