June 18, 2008

ရူးမှာစိုးရင်

...
ဟူး .....................မလွယ်ပါဘူးဗျာ
ဒီအဖွဲ့မှာ နေချင်ရင်တော့ ဘက်စုံတော်မှပဲ ဖြစ်မယ်ဗျ
ပိုင်ဆိုင်တဲ့ ဂုဏ်ပုဒ်အနည်းအကျဉ်းကို ငွေဒေါင်းဖြူလက်ချက် ကာရန်များမှာ တွေ့မှာပေါ့ အဲဒါ လက်တွေ့ရဲ့ ၁၀ ပုံ ၁ ပုံတောင်မရှိသေးဘူး
ပြောချင်တာတွေကတော့ များပ .....
လောလောဆယ်တော့ post ရေးဖို့မပြောနဲ့ ရေးပြီးသားတွေ ဖတ်ဖို့တောင် အားမထုတ်နိုင်တဲ့ တစ်ယောက်အကြောင်းပေါ့လေ....ပြောရတာတောင် လက်ညောင်းတယ် ...နောက် စိတ်ပါမှပဲ ပြောတော့မယ်
ိချက်တင်းဝင်ဖို့ကျ စာရိုက်ဖို့ ဝီရိယ ရှိပါ့ဗျာ ( ဆိုင်သူရှိရင် ဝန္ဒာမိဗျာ)
ပြောရရင် ကိုယ့်အတင်းကိုယ်ပြန်ပြောသလို ဖြစ်ရော့မယ်
မအားပါဘူးဆိုမှ စာရေးကောင်းတဲ့ ငွေဒေါင်းဖြူက post အသစ်တင်လိုက်တော့ လူကနေချင်ပေမယ့် အကျင့်ကမနေနိုင်တော့ပြန်ဘူး
မယ်ကမ္ဘာကလည်း အငြိမ်မနေဘူး အလာလေးတွေ
ညညဆို ကြာလေကြာလေမှုန်တို့ကလည်း သူစာပြီးတိုင်း အိပ်မယ် ဆိုတာချည်းပဲ
ဘေးမှာ မအိပ်နိုင်သေးတဲ့ သူကိုတောင် အားမနာဘူး
ခုလည်း အိပ်တော့မယ်တဲ့ သူ့ကို မကျေနပ်တာနဲ့ စာမကြည့်ဘဲ post ဝင်ရေးနေမိတော့တာပဲ
အဝေးရောက်နေတဲ့မောင်ကို လွမ်းတဲ့သူကလည်း ငြိမ်ငြိမ်မလွမ်းဘူးဗျာ
သီချင်းတွေဖွင့်ဖွင့်ပြီးလွမ်းတော့ ကျတော့်မှာပါ ရောဂါကူးကုန်ရောပေါ့
ထနောင်းတို့က ပြောသေးတယ် တော်ပါသေးရဲ့ ဘရူနိုင်းအထိမ်းအမှတ် အုန်းထမင်းကျွေးတာလို့ ရေးလို့..........." -----" ရတဲ့ အထိမ်းအမှတ်ဆိုပြီးသာရေးလိုက်ရင်တော့ ...သွားတော့မှာပဲ ဆိုပြီး
download specialist ကလည်း ခုတလော အလုပ်ရှုပ်နေလို့တဲ့ ဘာဇာတ်ကားမှ download မချဘူး
အိုဗျာ ...ခုတလောကတော့.........နေရတာကို အဆင်မပြေပါဘူး
ခုချိန်သကြားမင်းဆင်းလာရင် တော့ ဒီpost ကို ဖတ်နေတဲ့သူကို အရူးစာဖတ်တတ်လို့ဆိုပြီး ကရုဏာရှင်ဘွဲ့ပေးသွားမှာပဲ
ကဲ ...................ကရုဏာရှင်ရေ........ရေးချင်ရာရေးထားကြတဲ့ D site လေးကို နောက်တစ်ခါလည်း လာလည်လှဲ့ဦးပေါ့နော့........
ရူးမသွားရင်တောင် မူးသွားဖို့တော့ အာမခံပါတယ်ဗျ..........အဟုတ်.......အဟုတ်....
အဲ.....ရူးသွားရင်လည်း စိတ်တော့မပူပါနဲ့ ဇီးယို ကျွေးမယ့် ဒကာ ရှိတယ်နော

No comments: