February 15, 2009

မျှော်လင့်ခြင်းနိဂုံး

Read More...

ပင့်ကူအော်သံ

Read More...

July 10, 2008

အချစ်နှင့် သူမ၏ဆံပင်

သင်ဘယ်လိုမိန်းကလေးမျိုးကို နှစ်သက်ပါသလဲ???
ကဲ... ဆံပင်ကိုပဲ...စဉ်းစားလိုက်ကြရအောင်...
အတိုလား... အရှည်လား... အကောက်လား... အဖြောင့်လား..
***ဆံပင်အတိုလေးနဲ့ကောင်မလေးကို ကြိုက်မိတယ်ဆိုပါတော့...
စပြီနော်...
ကောင်မလေးကလည်း ခေတ်မီတယ်... ဆံပင်ပုံစံတစ်မျိုးပြီးတစ်မျိုး တစ်လတစ်ခါလောက်ပြောင်းညှပ်မယ်ဆိုရင်...
၁။ သင် သူမနဲ့အတူ ဆံပင်ညှပ်ဆိုင်လိုက်သွားပေးမှာလား???
ကဲ... ကိုယ့်ကောင်မလေးဆိုတော့လည်း တစ်ယောက်တည်းမလွှတ်ရက်ဘူးလေ... တော်ကြာကိုယ့်လိုငနဲနဲ့များထပ်တွေ့သွားရင်...
အဲဒါနဲ့ပဲ Beauty Parlor ကို လိုက်သွားရော... သင့်ကောင်မလေးအရင် ရောက်နှင့်နေတဲ့ သူတွေလည်းများတယ်... သင့်ကောင်မလေးကလည်း အခြားဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုစိတ်မရှိဘူးဆိုရင် ပထမဆုံးရင်ဆိုင်ရမှာက...
၂။ စောင့်ရတဲ့အလုပ်ကို သင်စိတ်ရှည်ရဲ့လား??? ဆိုတာပါပဲ...

ကိုယ့်အလှည့်ကျော်သွားရင် ထပ်စောင့်ရမှာကြောက်တဲ့အတွက်လည်း ဟိုဟိုဒီဒီ လျှောက်သွားလို့ကလည်း မဖြစ်ပြန်ဘူးလေ... အဲဒီတော့... ကောင်မလေးနဲ့အတူ စကားပြောရင်းစောင့်နေတော့ပေါ့... ကောင်မလေးအလှည့်ရောက်ပြီဆိုရင်တော့... ကောင်မလေးကလည်း ဆံပင်ညှပ်ရုံမကဘူး... ဆံပင်ပေါင်းတင်မယ်... ဆံပင်ဆေးဆိုးမယ်... Highlight ဖောက်မယ်...ဖယောင်းသွင်းမယ်(၆လ တစ်ခါ)... ခေါင်းလျှော်မယ်... အိုတူးသွင်းမယ်... မျက်နှာကိုပါ ပေါင်းတင်လိုက်ဦးမယ်... ဆားဝက်ခြံတွေလည်း စုပ်ထုတ်ဦးမယ် စသည်ဖြင့်ပေါ့... (မိန်းကလေးတော်တော်များများကလည်း သူမတို့ရဲ့ချစ်သူက စိတ်ရှည်လက်ရှည် စောင့်ပေးတာကို နှစ်သက်ကြပါတယ်...) သူမကို စောင့်နေရတဲ့ အချိန်မှာ... သင်ဟာ Beauty Salon တွေမှာ ရှိသမျှ မဂ္ဂဇင်း ဂျာနယ် ဝတ္ထုတွေကို ဟိုလှန်ဒီလှန်လုပ်နေမယ်... ကြာကြာစောင့်ရရင် ပျင်းလာမယ်... ဇက်ကြောတက်တတ်တဲ့သူဆိုရင် ဇက်ကြောတက်လာမယ်... ခါးတွေလည်းညောင်းလာမယ်... အဲဒါနဲ့ ဟိုလျှောက်ဒီလျှောက်လုပ်မယ်... ဆိုင်အပြင်ကို ငေးနေမယ်... သင့်ရဲ့ကောင်မလေးက သင့်ကို ကျောခိုင်းထားပေမယ့် မှန်ထဲကနေမြင်နေရမယ်... သင့်ကိုမှန်ထဲကနေများ ပြုံးပြလိုက်မယ်ဆိုရင်...
၃။ သင် ကောင်မလေးနဲ့ နောက်တစ်ကြိမ် Beauty Salon ကို လိုက်သွားဦးမှာလား???

***ဆံပင်အရှည်နဲ့ ကောင်မလေးကို ကြိုက်မယ်ဆိုရင်...
သူမနဲ့အတူ တစ်နေရာရာကို သွားဖို့ ချိန်းထားတဲ့အခါ...
၁။ သူမရဲ့ ဖြီးလိမ်းပြင်ဆင်နေတဲ့ အချိန်ကို သင်စောင့်နိုင်ပါရဲ့လား???
ဆံပင်အရှည်လေးနဲ့ မိန်းကလေးတွေက ယဉ်ကျေးမှုအရ ထုံးတမ်းစဉ်လာအရ ကြည့်မယ်ဆိုရင်တော့ ကျက်သရေရှိတဲ့ မိန်းမများစာရင်းဝင်ပေါ့နော်... တစ်ချို.ကတော့ ဆံပင်အရှည်မှ အရှည်ကြီးကို အလွန်သဘောကျတတ်ပါတယ်...
ကဲ... စဉ်းစားကြည့်ရအောင်...
ဆံပင်အရှည်ကို ခေါင်းလျှော်ပြီးရင် ဆံပင်အရှုပ်တွေကို ဘီးတစ်ချောင်းနဲ့ စိတ်ရှည်လက်ရှည်ဖြီးရမယ်... ခပ်မြန်မြန်ဖြီးမိရင် ဆံပင်တွေပြတ်ကုန်မယ်... မညီမညာ မလှမပဖြစ်လာမယ်... (ဆံပင်ရှည်တဲ့ မိန်းကလေးအများစုကတော့ သူမရဲ့ဆံနွယ်တွေကို ချစ်သူက တယုတယ ဖြီးသင်ပေးတာမျိုးကို နှစ်သက်ကြပါတယ်...)
၂။ ရှုပ်ပွနေမယ့် ဆံပင်တွေကို ဖြီးသင်ပေးဖို့ သင် စိတ်ရှည်ပါရဲ့လား???
ဖြီးလိမ်းပြီးသွားလို့ သင့်ဆီရောက်လာတဲ့ ကောင်မလေးရဲ့ Shampoo ရနံ့သင်းနေတဲ့ ဆံနွယ်လေးတွေကို ထိတွေ့ကိုင်ကြည့်ခွင့်ရတဲ့အခါ... နမ်းရှိုက်ခွင့်ရတဲ့အခါ...
၃။ သင့်ကောင်မလေးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချလိုက်မှာလား???
ဆံပင်ရှည်တဲ့ မိန်းကလေးများကလည်း Beauty Salon ကို သွားလေ့ရှိပါတယ်...
ရှေ့ကဆံပင် စတိုင်ပြောင်းဖို့... နောက်က ဆံပင်အဖျားရှုးတာကို တိဖို့... နောက်ဆံပင်ကိုလည်းဒီဇိုင်းပြောင်းဖို့... ဆံပင်ပေါင်းတင်ဖို့... စသည်ဖြင့်ပေါ့...
ဆံပင်ရှည်တဲ့ သင့်ချစ်သူလေးက သင့်ကို ထမင်းဖိတ်ကျွေးတယ်ဆိုပါတော့... သူမက အချက်အပြုတ်လည်းကောင်းတယ်... ဟင်းလျာအားလုံးကလည်း စားချင်စဖွယ်တွေချည်းပဲ ဆိုပါစို့... တကယ်လို့များ ဟင်းထဲမှာ သင့်ကောင်မလေးရဲ့ ဆံပင်အရှည်တစ်ချောင်း လုံးထွေးရစ်ပတ်ပြီးပါလာခဲ့မယ်ဆိုရင်...
၎။ သင်ကောင်မလေးကို ဆံပင်အရှည်ဆက်ထားဖို့တောင်းဆိုဦးမှာလား???

***ဆံပင်အကောက်ကလေးကိုမှ သဘောကျတယ်ဆိုရင်...
နဂိုကောက်ဆံပင်လေးနဲ့ကောင်မလေးဆိုရင်...
သူမဆံပင်ပုံသွင်းရမယ်... အကောက်ကလေးတွေလှနေအောင် ပြုပြင်ထိန်းသိမ်းနေရမယ်...
နဂိုဖြောင့်လေးကို ကောက်မယ်ဆိုရင်... ရေစိုကောက်... Digital ကောက်... Spring ကောက်... အကောက်အသေးလေးလား... အကောက်အကြီးကြီးလား... မျိုးစုံပေါ့... ကောက်ပြီးရင်လည်း ၆ လလောက်ပဲ ခံတာဆိုတော့ နောက်တစ်ခါပြန်ကောက်ပေါ့... ကောက်တဲ့ အချိန်မှာလည်း ဆံပင်ကို ဆွဲယူပြီးအားနဲ့ လိပ်ရတာမျိုးပါ... လှချင်လွန်းလို့ Hairdresser လုပ်သမျှခံနေရမယ့် သင့်ကောင်မလေးကို မသက်မသာကြည့်နေရပါလိမ့်မယ်... ကောက်ပြီးလို့ အရင်ကထက်ပိုလှလာရင် သဝန်တိုရပါဦးမယ်... ပိုရုပ်ဆိုးသွားရင်တော့လည်း တစ်မျိုးစဉ်းစားရမှာပေါ့လေ... ကောင်မလေးအနေနဲ့ကလည်း အကောက်ဆံပင်ကို ပစ်ထားလို့ မရပြန်ဘူး... ပြုပြင်ယုယနေရဦးမယ်...
သင့်ကောင်မလေး ဆံပင်ကောက်ဖို့ Beauty Salon ကိုသွားတဲ့အခါ...
၁။ သင် သူမနဲ့အတူ ဆံပင်ညှပ်ဆိုင်လိုက်သွားပေးမှာလား???
၂။ စောင့်ရတဲ့အလုပ်ကို သင်စိတ်ရှည်ရဲ့လား???
ကြုံတွေ့ရမယ့် အခြေအနေများအရ...
၃။ သင် ကောင်မလေးနဲ့ နောက်တစ်ကြိမ် Beauty Salon ကို လိုက်သွားမှာလား???
သင့်ချစ်သူလေးက ဆံပင်တွေ ကြိမ်ဖန်များစွာကောက်လိုက်ရင် ဆံပင်တွေပျက်စီးလာမယ်... အဲဒါကြောင့် တိုကပ်နေအောင်ညှပ်လိုက်မယ်... ဒါမှမဟုတ် ခေါင်းတုံး(ကတုံး) တုံးလိုက်မယ်ဆိုရင်...
၎။ သင့်ချစ်သူနဲ့ တွဲလျှောက်တဲ့အခါ ပတ်ဝန်းကျင်ကို ရှက်နေမှာလား???

***သင်ဟာ ဆံပင်အဖြောင့်လေးကိုမှ မြတ်နိုးတယ်ဆိုရင်တော့...
လာပါပြီ အဖြောင့်လေးအကြောင်း...
ဆံပင်ဖြောင့်မယ်ဆိုရင် အနည်းဆုံးတော့ ၆ နာရီလောက်ကြာပါတယ်...
တစ်ခါတစ်ရံ တစ်နေကုန်သွားတတ်ပါတယ်...
သင့်ချစ်သူက ပုံမလာပန်းမလာဆံပင်ကို ပိုင်ဆိုင်ထားလို့ ဆံပင်ဖြောင့်စေချင်တယ် ဆိုရင်တော့...
၁။ သင် သူမနဲ့အတူ ဆံပင်ညှပ်ဆိုင်လိုက်သွားပေးမှာလား???
ဆံပင်ညှပ်ဆိုင်ကို စောနိုင်သမျှစောစော သွားရမယ်... သင်ဟာ သူမဆံပင်ဖြောင့်နေတဲ့ အချိန်မှာ ထိုင်စောင့်နေမယ်... ဆံပင်ညှပ်ဆိုင်မှာ ရှိသမျှစာအုပ်အားလုံးဖတ်လို့ ကုန်သွားမယ်... အဲဒါနဲ့ကောင်မလေးဆံပင်ဖြောင့်တာကိုပဲ ထိုင်ကြည့်နေမယ်...
ဆံပင်ဖြောင့်ချင်လွန်းလို့ အပင်ပန်းခံနေတဲ့ သင့်ကောင်မလေးကို တွေ့ရပါလိမ့်မယ်... ဆံပင်ကို စက်နဲ့ဆွဲတဲ့အခါ ရိုးရိုးမဆွဲပါဘူး... အားနဲ့ဖိပြီးဆွဲပါတယ်... တစ်ချက်ဆွဲလိုက်တိုင်း တစ်ချက်ရှုံ.သွားပြီး ဆွဲတဲ့ဘက်ကို ခေါင်းကယိုင်ပြီးပါသွားပါတယ်... ငိုမဲ့ ငိုမဲ့နဲ့ ငြိမ်ခံနေရမယ်ဆိုရင်...
၂။ သင့်ကောင်မလေးက အနာခံပြီးဆံပင်ဖြောင့်နေတာကို သင်ကြည့်နေနိုင်ပါသလား???
ဆံပင်ကို ဆေးထည့်ဖြောင့်လိုက် ခေါင်းလျှော်လိုက်... အကြိမ်ကြိမ် (၅) ခါထက်မနည်းလုပ်ပြီးမှ ဆံပင်ဖြောင့်ခြင်းပြီးမြောက်ပါတယ်... ဖြောင့်ပြီးရင်လည်း တစ်ပတ်လောက်ရေမထိရဘူး... အိပ်ရင်လည်း ဆံပင်မနာအောင် အိပ်ရတယ်... တစ်ခါတစ်ရံ ဆံပင်ဖြောင့်ပေးတဲ့ သူရဲ့ အားနည်ချက် သို့မဟုတ် ဆံပင်ဖြောင့်ခံသူရဲ့ ဆံပင်သားမကောင်းတာတွေကြောင့် ဆံပင်တွေ ကျွမ်းသွားတတ်ပါတယ်... အဲဒီအခါကျတော့ ကျွမ်းသွားတဲ့ ဆံပင်တွေကို ညှပ်ပစ်လိုက်ရတော့တာပေါ့... တစ်ခါတစ်လေကျတော့လည်း ဆံပင်ဖြောင့်ပြီးပြန်လာခါမှ အချိန်အခါမဟုတ်မိုးက ရွာချလိုက်တာမျိုးပေါ့... မိုးရေစိုသွားလို့ ရေထိလို့မရတဲ့ ဆံပင်တွေ ပုံပျက်ပန်းပျက်ဖြစ်သွားတတ်ပါတယ်... အပူရှိန်ပြင်းပြင်းကို ခံပြီးမှ ရေထိလိုက်တဲ့အခါ မီးခဲပြင်းပြင်းကို ရေဖြန်းလိုက်သလိုမျိုး တုံ့ပြန်ချက်က နည်းနည်းပြင်းထန်ပါတယ်... ရလာဒ်ကတော့ တစ်ခေါင်းလုံး ဆံပင်တွေပွယောင်းလာပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခြင်းပါ...
ကာယကံရှင်ကိုယ်တိုင် သေလောက်အောင်ခံစားရတတ်ပါတယ်... ခေါင်းတုံးတုံးချင်စိတ်တွေပေါက်လာတတ်တယ်... နောင်တ အကြီးအကျယ်ရမယ်... ကုန်သွားတဲ့ ပိုက်ဆံတွေကို နှမြောမယ်... အဲလိုအခြေအနေမှာ...
၃။ သင့်ကောင်မလေးကို ဘယ်လိုနှစ်သိမ့်မလဲ???
ဆံပင်ဖြောင့်ပြီးတဲ့နောက် ကြာလာရင် ဆံပင်ကရှည်လာမယ်... ရှည်တဲ့အခါ ထွက်လာတဲ့ ဆံပင်က အကောက်... အပေါ်ပိုင်းက ဖြောင့်ပြီး အောက်ပိုင်းက ကောက်ရင် ကြည့်လို့ကောင်းပေမယ့်... ဆံပင်အကောက်အောက်မှာ အဖြောင့်လေးတွေ ဆိုရင်... ဘယ်လောက်ကြည့်ရဆိုးမလဲ... အဲဒီအခါ...
၎။ နောက်တစ်ခါ ဆံပင်ဖြောင့်ဖို့ သင်တိုက်တွန်းဦးမှာလား???
(အကယ်၍များ ဆံပင်အရှည်ကြီးကို ဖြောင့်မယ်ဆိုရင်တော့ စဉ်းစားတာ ကြည့်ပေတော့)

ဒါတွေအားလုံးက ပါးပါးလေးတွေပဲရှိပါသေးတယ်.... ဒီထက်ပိုတာတွေရှိတတ်ပါသေးတယ်....

ငွေဒေါင်းဖြူ

Read More...

June 26, 2008

Read More...

Read More...




Read More...